Saturday, June 14, 2014

ဆုတောင်းခြင်းသက်တာကိုအခြေခံသော လူမှုရေးလုပ်ငန်း

( Prayer life based Social Services)

ကရုဏာပုသိမ် မိသားစုဝင်များအား ဇန်န၀ါရီ လ ၀တ်စောင့်ခြင်း ( Recollection Day: January 17, 2014) တွင် ပေးခဲ့သည့် ၀ိညာဉ်ရေးဆိုင်ရာ ထောက်ရှုချက်များ မှ ကောက်နှုတ်ချက်။

၁။ ဒီ ၂၀၁၄ ခုနှစ်မှာ ငါတို့ ကရုဏာပုသိမ် မိသားစုဝင်များဟာ ဆုတောင်းခြင်းအသက်တာကို အခြေ ခံတဲ့ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ဖို့ခံယူထားကြပါတယ်။ တစ်နည်းအားဖြင့် ၀ိညာဉ်ရေး အသက်တာကို အခြေခံတဲ့လူမှုရေးလုပ်ငန်းဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ ၀ိညာဉ်ရေး အသက်တာ ဆို တာ ဆုတောင်းခြင်းအသက်တာနဲ့ဆက်စပ်နေပါတယ်။ တကယ်တော့လည်း ဆုတောင်းခြင်း အသက်တာ ပါပဲ။  ဘာကြောင့် လဲ ဆိုတော့ ဆု တောင်းခြင်း ဆိုတာ ၀ိညာဉ်ရဲ့အ သက်ရှုခြင်း ပဲဖြစ် နေလို့ပါ။ ဒီအ ကြောင်း နဲ့ ပါတ်သက်လို့ India နိုင်ငံမှာ နှစ်ရှည် လများ တရားအားထုတ်ခဲ့တဲ့ Henri Le Saux ဆိုတဲ့ ပုဂ္ဂိုလ် က Prayer ဆိုတဲ့ စာ အုပ်တစ်အုပ် ရေးခဲ့တယ်။ အဲဒီစာအုပ်ထဲမှာ ဆုတောင်း ခြင်းဆိုတာ ”၀ိညာဉ်ရဲ့အသက်ရှူခြင်း”လို့ ဆိုထားပါတယ်။  လူဟာ အသက်ရှင်ဖို့အတွက် လေကို ရှူ ရှိုက်နေ ရပါတယ်။ အသက်ရှိနေသ၍ လေကို ရှူသွင်းရှူ ထုတ်လုပ်နေရတယ်။ လူတွေသာမဟုတ် ပါဘူး။ သက်ရှိ သတ္တ၀ါတွေ အားလုံးပါပဲ။ Respiration ဆိုတာကို သတိထားမိတာဖြစ်စေ၊ သတိမ ထား မိတာဖြစ်စေ၊ သဘာဝ အတိုင်းလုပ်ဆောင်ကြတယ်။ ဒါမှ အသက်ရှိနိုင်၊ ရှင်နိုင်မှာကိုး။ ငါတို့ ခရစ်ယာန် တွေရဲ့ ယုံကြည်ခြင်းမှာ လူဆိုတာ ကာယ(ခန္ဒာ) သာမက နာမ် (၀ိညာဉ်) လည်း ရှိ တယ်။ ဒီဝိ ညာဉ် ဆိုတာ ဘုရားဆီကရတဲ့အသက်။ ဒီအသက်ရှင်သန်ဖွံ့ဖြိးဖို့ဆိုတဲ့ နေရာမှာ ဆု တောင်း ခြင်း အသက်တာ လိုအပ်တယ်။ လိုအပ်သလိုပဲ အရေးလည်းကြီးပါတယ်။ လေထုကငါတို့ကို လွှမ်း ခြုံ နေ တယ်။ လေဟာ ငါတို့အထဲမှာ ရှိနေတယ်ဆိုတာ ကို ယုံကြည်ပေမယ့် သိပ်သတိမမူမိကြဘူး။ ဒီလိုပဲ ဘုရားသခင်ရဲ့ ကျေး ဇူးတော်၊ ကောင်းမြတ်ခြင်း၊ အင်အားတော် တွေဟာ ငါတို့ကို လွှမ်းခြုံ နေ တယ်။ ငါတို့မှာ ရှိနေ တယ်ဆိုတာကို သတိမမူတတ်ကြဘူး။ ဒါကြောင့် ဆုတောင်းခြင်းမှာ အရေး ကြီးတာ တာ တစ် ခုက ငါတို့ ကိုလွှမ်းခြုံနေတဲ့ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း၊ ကျေးဇူးတော်၊ တန်ခိုးတော်၊ အင်အား တော်တွေကို နေ့စဉ် အသိအမှတ်ပြု ရှူရှိုက် နေဖို့ပဲဖြစ်ပါတယ်။ ဆုတောင်း ခြင်း အသက်တာကောင်း လာခြင်းဆိုတာ အတွင်းသက် ( Inner life : according to St. Paul) ၀ိညာဉ်သက်တာ၊ ကောင်းလာခြင်း ပဲဖြစ်ပါတယ်။
၂။ ဆေးကြောခြင်းမင်္ဂလာ ခံယူ ခြင်းမှာ ငါတို့တတွေဟာ ဘုရားသခင်ရဲ့သားသမီး (Children of God) တွေဖြစ်လာတယ်။ အသင်းတော်(Church) ရဲ့ အသင်းဝင် ( member) များဖြစ်လာတယ်။ ခရစ်တော်ရဲ့ ခန္ဒာ ကိုယ် (Body of Christ) မှာ ပါဝင်ပေါင်းစပ်လာတယ်။ ၀ိညာဉ်တည်ရှိရာ ဗိမာန် တော် (Temple of the Holy Spirit) ဖြစ်လာ တယ်။ ဒါကြောင့် လူဆိုတာ ဘုရားနဲ့ထိတွေ့ နိုင်တဲ့ ဂုဏ်သတ္တိ အင်္ဂါထူး (faculties) ပိုင်ဆိုင်ထားသူတွေဖြစ်တယ်။ ဆုတောင်းခြင်းသက်တာမှာ ဘုရားဟာ ငါတို့ ရဲ့အတွင်းသက်၊ ၀ိညာဉ် သက်တာကို ထိတွေ့ပေးပါတယ်။ ဆုတောင်းခြင်းမှာ ဘုရား ရဲ့ ကောင်းမြတ်ခြင်း၊ ချစ်ခြင်း၊ ခွင့်လွှတ်ခြင်း၊ ကြီးမြတ်ခြင်း၊ အင်အားတော်တွေနဲ့ ထိတွေ့မိပြီဆိုရင် ရေ ထိတဲ့ ပန်းလို လန်းဆန်းလာ နိုင်ပါတယ်။ ၀ိညာဉ်ရေးအသက်တာဆိုတာ ချစ်ခြင်း မေတ္တာ အသက် တာပဲဖြစ်ပါတယ်။ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ”God is Love” ဆိုပြီ သံ ယော ဟန် ဧ၀ဂေလိကျမ်းမှာဖော်ပြထားသလိုချစ်ခြင်းမေတ္တာနဲ့ပြည့်နေတဲ့ နှလုံးသားမှာ ဘုရားရှင် ထိတွေ့ တော်မူတယ်။ ဒါ့ကြောင့်လူဆိုတာ ချစ်ခြင်းမေတ္တာနဲ့ပြည့်ဝလာလေလေ၊ ဘုရားနဲ့ တူလာ လေလေ ပါပဲ။ လူဟာဘုရားတော့မဖြစ်နိုင်ဘူး။ ဒါပေမယ့်ဘုရားရဲ့ ကောင်းမြတ်ခြင်းတွေကို သူ့ ဘ၀ မှာ ထင် ဟပ် ဖော်ပြနိုင်ပါတယ်။ ဒီလိုမျိုးနဲ့ပဲလူဟာ ဘုရားနဲ့ နီးစပ်သူ၊ တူလာသူဖြစ်လာနိုင်ပါတယ်။ တစ်နေ့ တော့၊ မာသာရ်ထရေဇား ဟာ သေခါနီးလူမမာတစ်ယောက်ကို ပြုစုရင်း “ ခရစ် တော်ကို မ သိချင်ဘူး လား” လို့မေးခဲ့ဘူးတယ်။ အဲဒီအခါမှာ သေခါနီးလူမမာ ” မာသာရ်ပြော တဲ့ခရစ် တော်ဆို တာ မာ သာရ် နဲ့ တူလို့လား” လို့ပြန်မေးခဲ့တယ်။ အဲဒီအခါ မှာမာသာရ် ထရေဇားက ” သူက ကျွန်မ နဲ့တူ ထက်၊ ကျွန်မ က သူနဲ့ တူအောင်ကြိုးစားရသူပါ” ပြန်ဖြေခဲ့တယ်။ မေတ္တာ တရား နဲ့ပြည့် ၀တဲ့ မာ သာရ်ထရေဇားရဲ့ လုပ် ဆောင်မှု တွေမှာ ဘုရားရဲ့ ကောင်း မြတ်ခြင်း တွေထင်ဟပ်နေတယ်။ ဖော်ပြ နေတယ်။ ဘုရားက သူ့ရဲ့ ကောင်း မြတ်ခြင်း၊ သူ့ရဲ့မေတ္တာ တရားတွေကို ဖော်ပြဖို့ ကျွန်ုပ် တို့ လူ သား တွေကို အသုံးပြုပါတယ်။ God has no hands, He needs Ours! လို့ ဆိုတဲ့နေရာမှာ ဘုရားမှာ လက်မရှိဘူး။ ငါတို့ လက်တွေကို သူလိုအပ်နေတယ်။ ဒီအကြောင်းနဲ့ပါတ်သက်လို့ သံသြ ဂုတ် စတင်း က “ God without us will not , as we without God cannot“ ဆိုတဲ့ အခါမှာ ကျွန်ုပ် တို့တတွေဟာ ဘုရားမပါပဲ ဘာမှမလုပ်နိုင်သလို၊ ဘုရားကလည်း ကျွန်ုပ်တို့မပါပဲ ဘာမှလုပ်မှာ မဟုတ်ဘူး” လို့ဆို လိုခြင်းဖြစ်တယ်။ ဆိုလိုချင်တာကတော့ ဘုရားဟာ သူ့လုပ်ငန်းတော်ကို အ ကောင် အထည်ဖော်ဖို့ ဆိုတဲ့နေရာမှာ ကျွန်ုပ်တို့လူသားများရဲ့ လက်တွေ၊ ခြေတွေ လိုအပ် တယ်လို့ ဆိုလို တာပဲဖြစ်ပါတယ်။ ဒါကြောင့် သံမာတေဦး ၂၅ မှာ ပြောထားတဲ့ ” သင်တို့တွင် အငယ်ဆုံး သော သူကို ပြုစုသမျှသည် ငါကို ပြုစု၏” ဆိုတာ ဒီနေရာမှာနားလည်ရမှာဖြစ်ပါတယ်။
၃။ ၀ိညာဉ်ခွန်အားဟာ ငါတို့လုပ်ဆောင်နေတဲ့ လုပ်ငန်းရဲ့မောင်းနှင့်အားပဲဖြစ်ပါတယ်။ ခန္ဒာအင်အား ဘယ်လောက်ကောင်းကောင်း၊ ၀ိညာဉ်အင်အားလျှော့နည်း နေရင်လုပ်ဆောင်နေတဲ့လုပ်ငန်းရဲ့ အနှစ် သာရကို ထိတွေ့မှာ မဟုတ်ဘူး။ ဒါ့ကြောင့်မာသာရ်ထရေဇားက သူရဲ့ လူမှု ကူညီရေးလုပ်ငန်းမှာ ပြောခဲ့တဲ့ စကားမှာ ” ငါတို့ဘယ်လောက်လုပ်ခဲ့သလဲ ဆိုတာထက်၊ ငါတို့ လုပ်ခဲ့တဲ့ လုပ်ငန်းတွေမှာ ငါတို့ဘယ်လောက်မေတ္တာ ထားလုပ်ဆောင်ခဲ့သလဲ ဆိုတာပို အရေးကြီး ပါတယ်။”  (Important is not how much we do, but how much love we put in our doings). လူဆိုတာ ” ဘယ်လောက် တော်တော်၊ ဘယ်လောက်ကောင်းကောင်း၊ ပရဟိတ မလုပ်သေး သမျှ တန်ဖိုး အရှိ ဆုံးလူ မဟုတ် သေးပါဘူး” ဆိုပြီး ” ပရဟိတစိတ်ဓာတ်” ဆိုတဲ့စာအုပ်ခေါင်းစဉ်နဲ့အရှင်ဆန္ဒာဓိက၊ ရွှေ ပါရီတောရ ဆရာ တော်က ဒီဇန်န၀ါရီ လထဲမှာပဲ စာအုပ်တစ်အုပ်ထွက်လာပါတယ်။ ငါတို့နိုင်ငံရဲ့ ဘက်စုံ တိုး တက်ဖွံ့ ဖြိုးဖို့ ပြုပြင်ပြောင်လဲလာချိန်မှာ ပရဟိတစိတ်ဓာတ်တွေ အများကြီးလိုအပ်ပါတယ်။ ပရဟိ တစိတ်ဓာတ်နဲ့ ဘ၀ကိုပေးဆက်လုပ်ဆောင်ကြတဲ့ လူငယ်တွေအများကြီးလိုအပ်နေပါတယ်။ ငါတို့ရဲ့ စိတ်ဓာတ်ခွန်အားကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တာက တော့ ငါတို့ ရဲ့ ၀ိညာဉ်ခွန် အား ပဲဖြစ်တယ်။ ငါတို့ဝိညာဉ်ခွန်အား ရဲ့ အလျော့၊ အတင်း ဆိုတာ ကတော့ ငါတို့ရဲ့ ဆုတောင်းခြင်း အတိမ်၊ အနက်ပေါ် မူတည်ပါလိမ့်မယ်။ ဒါကြောင့် သံပေါလူးက ” စဉ်ဆက်မပြတ်ဆုတောင်းပါ”။ ( Pray without ceasing) လို့ တိုက်တွန်းနှိုးဆော်ထားပါ။ ဒီနေရာမှာ နားလည်ရမှာက အ သက် ရှင် သ၍ ဆုတောင်းရမယ် ဆိုတာပါပဲ။ ဆုတောင်းခြင်းနဲ့အသက်ရှင်ခြင်းပဲဖြစ်ပါတယ်။ အထူး သဖြင့် လူမှု ကူညီရေးလုပ်ငန်းကို လုပ်နေကြတဲ့ ငါတို့ ကရုဏာဝန်ထမ်းတွေ ကသူများထက်ပို ပြီး ဆု တောင်း ခြင်းမှာ ခွန်အားယူကြရပါမယ်။ လမ်းခရီးတွေကြောင့်ခန္ဒာကိုယ်တွေပင်ပန်းမယ်။ ကြုံတွေ့ ရတဲ့ အခက်အခဲတွေကြောင့် စိတ်ဓာတ်တွေပင်ပန်းနိုင်တယ်။ ဒါပေမယ့် ၀ိညာဉ်ခွန်အား၊ အတွင်း သက်ခွန် အားကောင်းနေမယ်ဆိုရင် အရာရာကို ကျော်လွှားနိုင်ပါလိမ့်မယ်။ အားလုံးကို ကျော်ဖြတ် နိုင်ပါ လိမ့်မယ်။ ဘ၀ရဲ့လွယ်ကူတဲ့ရက်တွေဆိုတာ နက်ဖြန်မှာ မရှိနိုင်ဘူး။ ဒီဘ၀ရဲ့လွယ်ကူတဲ့ ရက် တွေဆိုတာ မနေ့ကပြီးသွားပါပြီ။ ( The only easy day was yesterday) ဆိုတာ အမေရီကန် ကွန် မင်ဒို တွေရဲ့ဆောင်ပုဒ်တစ်ခုပါ။ ငါတို့တတွေလည်း Comfort Zone ကနေထွက်ခွာပြီး Risk Zone/ Challenging Zone ကိုဝင်ကြရပါလိမ့်မယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်ဖေါင်ဖျက်ခဲ့ပါတယ်။ အခက်အခဲတွေရှေ့မှာရှိတယ်။ ဒါပေမယ့်နောက်ပြန်မလှည့်ဘူး ဆိုတဲ့ သတ္တိဟာ သူရဲ့ စိတ်ဓာတ် ခွန်အားပဲ။ ၂၀၁၄ စီမံကိန်းနှစ်ကို ဆုတောင်းခြင်းသက်တာဖြင့်ကျော်ဖြတ်ကြပါစို့။ 


ဒါရိုက်တာ ။ Fr.Henry Eikhlein/ ဇန်န၀ါရီ ၁၇၊၂၀၁၄

No comments:

Post a Comment