Monday, December 9, 2013

၂၀၁၂-၂၀၁၃ ခုနှစ် ကျန်းမာရေးစီမံကိန်း နှင့် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေး



၂၀၁၂-၂၀၁၃ ခုနှစ် ကျန်းမာရေးစီမံကိန်း နှင့် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးတင်ပြခြင်းအခမ်းအနား
၁၈.၁၀.၂၀၁၃ (သောကြာနေ့)

            ၂၀၁၂-၂၀၁၃ ခုနှစ် ကျန်းမာရေးစီမံကိန်း နှင့် သက်ကြီးရွယ်အိုများ ကူညီစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးတင်ပြခြင်းအခမ်းအနားကို Karuna Myanmar Pathein Social Centre တွင် ပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စီမံကိန်းကျေးရွာ(၉)ရွာမှ ကိုယ်စားလှယ်များ၊ ကရုဏာမြန်မာ(ပုသိမ်)မှ ၀န်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
            ထိုအခမ်းအနားတွင် နန့်ရှာဖောင်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေးတာဝန်ခံ ကိုဒေါမိနစ်ဝေလင်းထွန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် Caritas Thailand မှ ဦးမြသွင်မှ ဘိုးဘွားများနှင့်သက်ဆိုင်သော လုပ်ငန်းစဉ်များအကြောင်းနှင့် သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကြောင်းများကို ရှင်းလင်း တင်ပြခဲ့ပါသည်။   ခေတ္တအနားယူပြီး ကော်ဖီနှင့်မုန့်ကို သုံးဆောင်ခဲ့ ကြပါသည်။
  အခမ်းအနားကို ပြန်လည်စတင်ပြီးနောက် ရွေးကုန်းသာသနာမှ နန့်အေးအေးကျော်မှ   ရွေးကုန်းကျေးရွာတွင်   စိန်ထရေဇားဆေးခန်းနှင့်ပတ်သက်၍ လုပ်ဆောင်နေသော လုပ်ငန်းစဉ်များ အကြောင်းကိုလည်းကောင်း၊ ကနစိုးကုန်း သာသနာမှ ဦးထွန်းဝေမှ ကနစိုးကုန်း ကျေးရွာရှိ အာရောဂျံဆေးခန်းနှင့် ပတ်သက်သောအကြောင်းအရာများကို လည်းကောင်း၊ ချမ်းသာကုန်း သာသနာမှ ဒေါ်ရွှေမ မှ ချမ်းသာကုန်းကျေးရွာရှိ မေတ္တာအလင်းရောင်ဆေးခန်း ဖြစ်ပေါ်လာပုံ အကြောင်းများကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။
            ထို့နောက် စီမံကိန်းကျေးရွာအသီးသီးမှ လာရောက်ကြသော ကိုယ်စားလှယ်များမှလည်းကောင်း၊ ကရုဏာ မြန်မာ(ပုသိမ်)မှ ၀န်ထမ်းများမှလည်းကောင်း မေးခွန်းများမေးမြန်းခြင်းနှင့် အကြံပြုချက် များပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြ ပါသည်။ ထို့နောက် အခမ်းအနားကို ရုတ်သိမ်းပြီး နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြပါသည်။




သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရန်သင်တန်း (14-17.10.2013)

သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၄.၁၀.၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် စတင်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် နန့်ရှာဖေါင်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဖွင့်ဆုတောင်းကို နော်အက်စတာမှ ဦးဆောင်၍ ဆုတောင်းခဲ့ပါသည်။ အဖွင့်အမှာစကားကို ကိုဟန်စိုးမှ ပြောကြားခဲ့ပါသည်။ Caritas Thailand မှ ဦးမြသွင်မှ သက်ကြီးရွယ်အိုချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသင်တန်းပေးရန် (OPSHG)၊ သက်ကြီးသူချင်း ရလာသည့် အကျိုးစီးပွားကို ဝေမျှပြီး အလုပ်လုပ်ဆောင်ကြရန်၊ သက်ကြီးရွယ်အိုအချင်းချင်းကူညီစောင့်ရှောက်နိုင်စေရန်၊ သက်ကြီးရွယ်အိုများသည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိပြီး မိမိကိုယ်ကို ကြည့်ရှုစောင့်ရှောက်နိုင်ရန်နှင့် သက်ကြီး ရွယ်အိုများသည် မိမိတစ်နိုင်တစ်ပိုင်ဝင်ငွေ ဖြင့် ရှင်သန်နေထိုင်နိုင်ရန် စသည်တို့ကိုပြောကြားခဲ့ပါသည်။ အပိတ်ဆုတောင်းကို နော်အက်စတာမှ ဦးဆောင်၍ ဆုတောင်းခဲ့ပါသည်။ သင်တန်းကာလမှာ ၁၄.၁၀.၂၀၁၃ မှ ၁၇.၁၀.၂၀၁၃ ရက်နေ့အထိ (၄)ရက်တာသင်တန်းဖြစ်ပြီး စီမံကိန်း ကျေးရွာ(၉)ရွာမှ ကိုယ်စားလှယ်များအနေနှင့် သင်တန်းသားစုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းမှူးများမှာ Caritas Thailand မှ ဦးမြသွင်နှင့် ဒေါ်ယဉ်မင်းသူတို့ ဖြစ်ကြပါသည်။ ဤသင်တန်းတွင် မြန်မာနိုင်ငံရှိသက်ကြီးရွယ်အိုများအခြေအနေ၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရခြင်း အကြောင်းအရင်း၊ သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့်အရာများ နှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ခြင်း နည်းလမ်းများ စသည်တို့ကို သင်ကြားပေးခဲ့သည်။