Tuesday, September 24, 2013

ကရင်စာပေဆရာ/ဆရာမဖြစ်သင်တန်:

ကရုဏာမြန်မာ(ပုသိမ်) ၏ ကရင်စာပေနှင့်ယဉ်ကျေးမှုမြှင့်တင်ရေးကဏ္ဍမှ ကြီးမှူး၍ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ ကရင်တိုင်းရင်းသား လူမျိုးများ ကရင်စာပေနှင့်ယဉ်ကျေးမှု မြင့်မားလာစေရန်အတွက်  ကျောင်းပြင်ပ ကရင်စာပေသင်ကြားခြင်း အစီအစဉ်ကို စတင်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ယခု အစီအစဉ်ကို ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ လူမှုဖွံ့ဖြိုးရေးအတွက် ကူညီထောက်ပံ့သော Small Grants Program နှင့် တွဲဖက် လုပ်ဆောင်ခြင်းဖြစ် သည်။  သာသနာအသီးသီးမှ ကရင်စာပေ စေတနာဆရာ/ ဆရာမမျာ;အတွက် တစ်ပါတ်တာ ကရင်စာပေဆရာ/ဆရာမဖြစ် သင်တန်းကို ပုသိမ်မြို့၊ မရမ်းချောင်း ကျေးရွာတွင် ၂၀၁၃၊ စက်တင်ဘာ ၁၆ မှ ၂၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပုသိမ်ဂိုဏ်းအုပ်ဆရာတော် ဂျွန်းမန်းဆိန်းဟှီ၊ ကရုဏာမြန်မာ(ပုသိမ်) မှ ဖာသာရ်ဟင်နရီ အိုင်ခလိန်၊ ပိုးကရင်နှစ်ခြင်းအသင်းတော်မှ ဆရာ မန်းဒေးဗစ်၊ ဆရာမ ဒေါ်ဆွိမေ၊ ဆရာမ ဒေါ်စဲလေ၊ ဆရာမ နန့်ကြင်ကြင်စန်း နှင့် ကက်သလစ် ဓမ္မ ဆရာမ ဒေါ်စီစီလျား တို့တက်ရောက်ခဲ့ကြပြီး ကရင်စာ စေတနာ ဆရာ/ဆရာမ စုစုပေါင်း (၄၄) ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။ သင်တန်းသူသင်တန်းသားများ အထဲ တွင် ကက်သလစ် ဘာသာဝင် လူငယ် အများစုပါဝင်ပြီး Buddhist ညီအစ်ကိုများနှင့် Baptist အသင်းတော်မှ ညီအစ်ကိုများလည်း ပါဝင်ကြပါသည်။  ကရင်စာပေနှင့် ယဉ်ကျေးမှုကို ထိမ်းသိမ်းမြှင့်တင်ရန် ဦးတည်ခြင်းကြောင့် ကိုးကွယ်ယုံကြည်မှု မတူသော်လည်း၊ တူညီသော ကရင်တစ်မျိုးသားချင်း ဖြစ်သောကြောင့် ယခုကဲ့သို ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ကြခြင်းဖြစ်သည်။ ရက်တိုသင်တန်း ကာလတွင် ပိုးကရင် သာမက စကောကရင် ဘာသာ စကားကိုပါ လေ့ကျင့်သင်ယူကြသည်။ လေ့ကျင့်သင်ကြားထားသော ကရင်စာပေ စေတနာ ဆရာ/ဆရာမ များထဲတွင် (၂၅) ဦးမှာ မိမိတို့ နေထိုင်ရာ ကျေးရွာ စာသင်ကျောင်းများတွင် ကျောင်းချိန်ပြင်ပ ကရင်စာပေသင်ကြားခြင်းကို ပြုလုပ်မည်ဖြစ်ပြီး၊ ကျန် (၁၉) ဦးမှာ ကရုဏာ မြန်မာ (ပုသိမ်) မှ တာဝန်ချ ပေးသော၊ ကျေးရွာများမှ တောင်းဆိုထားသော စာသင်ကျောင်းများသို့ သွားရောက် သင်ကြားကြမည်ဖြစ်သည်။ ယခု စီမံကိန်းသည် ပြီးခဲ့သည့် သြဂုတ်လ ၂၀၁၃ မှ စတင်လာပြီး လာမည့် နှစ် ၂၀၁၄၊ ဇန်န၀ါရီ ကုန်တွင် သင်ကြားမှု ပြီးစီးမည်ဖြစ်သည်။ 
သင်တန်းဖွင့်ပွဲအခမ်းအနား 


ဆရာမန်းဒေးဗစ်မှ သင်ကြားပို့ချပေးနေစဉ်    ဆရာမဒေါ်ဆွိမေမှ သင်ကြားပို့ချပေးနေစဉ်

ဆရာမ နန့်ကြင်ကြင်စန်းမှ သင်ကြားပို့ချပေးနေစဉ်       ဆရာ မဒေါ်စဲလေမှ သင်ကြားပို့ချပေးနေစဉ်
  ဆရာမ ဒေါ်စီစီလျားမှ သင်ကြားပို့ချနေစဉ်         မှတ်တမ်းတင်ဓါတ်ပုံရိုက်နေကြစဉ်

Friday, September 6, 2013