Saturday, June 14, 2014

စွန့်လှူစွန့်စားမှု မရှိရင် အနာဂတ်ဆိုတာ မရှိနိုင်ဘူး

No Sacrificing Adventure, No future!
၁။ ချစ်စွာသော ကရုဏာပုသိမ် မိသားစုဝင်တို့၊ ဒီစာကတော့ ဒီနှစ်အတွက် ပေးချင်တဲ့ Christmas Message ပါပဲ။၂၀၁၃ ရဲ့ ဒီဇင်ဘာလနဲ့အတူ ခရစ္စမတ်ပွဲတော်ကိုကျင်း ပ ဖို့ပြင် နေကြရင်းနဲ့ တစ်နှစ် တာပြန် လည်သုံး သပ်ခြင်းတွေကိုလုပ်ဆောင်နေကြပါတယ်။ ၂၀၁၃ ရဲ့စီမံကိန်း ကာ လရဲ့ နှစ်ဆုံးပိုင်းကို ရောက်လာ တဲ့အခါ မှာ အဖွဲ့အစည်းအနေနဲ့ တစ်နှစ်တာ လုပ်ဆောင်လာခဲ့တဲ့ လုပ်ငန်း တွေ ကို ပြန်လည်သုံး သပ်ချိန် လည်းဖြစ်ပါ တယ်။ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ အားနည်းချက်၊ အားသာချက်တွေ၊ အခွင့်အလမ်းနဲ့ အန္တ ရယ်ပြုနိုင် ခြေရှိတဲ့ အချက်တွေ ကို ပြန်လည်ဖော်ထုတ်သုံးသပ်ကြမှာ ဖြစ်ပါတယ်။ ပြန် လည် သုံးသပ်မှုတိုင်းမှာ ထားရှိရမယ့် အခြေခံ စိတ်နေစိတ်ထားကတော့ ကျေးဇူးတင်ခြင်းပါပဲ။ ကိုယ့်ခွန် ကိုယ်အားနဲ့ တစ်နှစ်တာ ကိုကျော်ဖြတ် လာနိုင်တာ မဟုတ်ပဲ၊ “တန်ခိုးကြီးတော်မူသော သူသည် ငါတို့နဲ့/၌ ကြီးမြတ် ရာကို လုပ်ဆောင်နေ“ လို့သာဖြစ် ပါတယ် ဆိုတဲ့ အခြေခံအချက်ကို သဘော ပိုက်ထားမယ်ဆိုရင် သုံး သပ်မှု တိုင်းမှာ ပေါ်လွင်ထင်ရှားတဲ့ ညွှန်း ကိန်း နဲ့ အဓိပါယ်ကို တွေ့မြင်ကြ မှာပဲဖြစ်ပါတယ်။
1.    Dear  staff of Karuna Pathein, this is my Christmas Message that I wish to give you this year. In this December, as we are preparing to celebrate Nativity of our Lord, we take this time for evaluating our activities in the year 2013. Now we have come to the end of our project year (2013) and as organizational wide we are doing this evaluation of our works implemented. Success, failures, weakness, strength, opportunity and threat are the points to be brought out to the evaluation. This  moment of evaluation, spirit of thanksgiving has to be  at the bottom of our hearts. Not with our own strength that we were able to pass through this year, it is the Almighty who has done great things through and with us this year. Keeping this spirit of gratitude will make us understand and see clearly the indicators and meaning of our implementations.
၂။ စွန့်လှူစွန့်စားမှု မရှိရင် အနာဂတ်ဆိုတာ မရှိနိုင်ဘူး။ အဖွဲ့အစည်းစတည်ခါစ ၂၀၀၁ ခုနှစ်ကနေ ခုချိန် ၂၀၁၃ အထိ ကရုဏာပုသိမ်အဖြစ် ရပ်တည်လာနိုင်ခြင်းဟာ စွန့်လှူ စွန့်စားသူတွေ ရှိနေခဲ့ပြီး၊ ခုလည်း ရှိနေ ကြ လို့ပဲဖြစ်ပါတယ်။ ကျော်ဖြတ်လာခဲ့တဲ့ အခြေအနေတွေဟာ ကြမ်းတမ်းခဲ့ပါတယ်။ ၂၀၀၂ ဟင်္သာတ ဇုံရေ ဘေး၊ ၂၀၀၄ သာပေါင်းရေဘေး၊ ၂၀၀၄ ဆူနာမီ၊ ၂၀၀ရ ရေဘေး၊ ၂၀၀၈ နာဂစ်၊ ၂၀၁၂ ရေဘေး၊ စတဲ့အ ရေး ပေါ် ကူညီကယ်ဆယ်ရေးတွေမှာ ကရုဏာပုသိမ်ရဲ့ အခန်းကဏ္ဍက ကြီးမားခဲ့ပါ တယ်။ အရေးပေါ် ကာလ မဟုတ်တဲ့ သာမာန်အချိန်တွေမှာ လုပ်ဆောင်လာခဲ့တဲ့ ၀ါတွင်းကာလနှိုး ဆော်ခြင်း၊ Change for Life ကျန်းမာ ရွှင်လန်းတဲ့ဘ၀သက်တာအမြင်ဖွင့်လှုပ်ရှားမှုတွေ၊ ပညာရေးနဲ့ ပါတ်သက် တဲ့ မိဘပညာပေးလုပ်ငန်းတွေ၊ ပဋိပ က္ခဖြေရှင်းခြင်းနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု အမြင်ဖွင့် သင်တန်းတွေ၊ သဘာဝဘေးအန္တရယ်ကြိုတင်ကာ ကွယ်ရေးနဲ့ လျှော့ချရေးအမြင်ဖွင့်သင်တန်းတွေ နဲ့ လုပ်ဆောင်လာခဲ့ကြတယ်။ ၂၀၀၈ နာဂစ်ကယ်ဆယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးပြီးတဲ့အချိန်က စပြီး ဖွဲ့စည်းလာခဲ့တဲ့ Livelihoods (အသက်မွေးဝမ်းကြောင်း)၊ Education (ပညာရေး)၊ Health (ကျန်းမာရေး)၊ Social Protection (လူမှုကာကွယ်စောင့်ရှောက်ရေး)၊ DRR (သဘာဝဘေးအန္တရယ်ကြိုတင်ကာ ကွယ် လျော့ချရေး)၊ ကဏ္ဍတွေမှာ ပုံမှန်အချိန်ပြည့် ၀န်ထမ်းအင်အား (၅၀) ခန့်နဲ့ လုပ်အားပေး ၀န်ထမ်း အင်အား ( ၁၀၀) ကျော် ချီတက်လာခဲ့ကြပါတယ်။ စီမံကိန်းကာလ တစ်နှစ်တာ ကျော်ဖြတ်ဖို့ဆို တာ ကြမ်း တမ်းပါတယ်။ ပင်ပန်းကြပါတယ်။ စွန်လှူစွန်းစားမှုတွေပြုကြရပါတယ်။ ဒါကြောင့် လည်း အနာ ဂတ်တစ်ခု ကို မျှော်မှန်းနိုင်ကြခြင်းပဲဖြစ်ပါတယ်။
2.    If no sacrifice and adventure, no future (of success)! The fact that Karuna Pathein has come up, since its foundation in 2001 to this time of 2013, is truly contributions of those who have sacrificed and who are now sacrificing for this cause. The whole journey has been quite challenging. Responses to floods in Hinthada Zone 2002, floods in Tharbaung in 2004, Sunami in 2004, floods in 2007,Nargis cyclone in 2008, floods in 2012 in all such emergency responses , Karuna Pathein has played a great role. Outside of emergency time, Karuna Pathein has played in ordinary time, activities such as Lenten Animation, Change for Life ( health), Parental education (education), awareness on conflict resolution and peace building, Disaster Risk Reduction and Emergency preparedness trainings and workshops have been conducted. 5 sectors such as Livelihoods, Education, Health, Social Protection and DRR have been formed right after response to Nargis Cyclone in 2008 and today Karuna Pathein has about 50 full time staff and over 100 volunteer staff. To be able to have gone through one year time of project is a challenging work. Tired, and much sacrifice is required. That is the reason that we can hope for the future.
၃။ ကက်သလစ်အသင်းတော် မြန်မာနိုင်ငံရောက်လာခြင်း နှစ် (၅၀၀) ပြည့်နှစ်ကို ကျင်းပနေတဲ့အချိန်အခါ သမယမှာ စွန့်လှူစွန့်စားခဲ့ကြတဲ့ အတိတ်ကာလက သာသနာပြုတွေကို ပြန်လည်သတိယကြရအောင်။ ဥရောပ တိုက်ကို စွန့်ခွာ ပြီး အာရှ အရှေ့ဖျား ကို လာကြခဲ့ကြတယ်။ အဲဒီအချိန်က လာလမ်းသာရှိပြီး ပြန်လမ်း မရှိတဲ့ ခေတ်ကာလပါ။ အာရှအရှေ့ ဖျားကို သာသနာပြုဖို့ စာရင်းသွင်းကြတဲ့ ငယ်ရွယ်သူ သာသ နာပြု တွေ ဟာ သူတို့ရွေးချယ်တဲ့ လမ်းက သွားလမ်းသာရှိပြီး ပြန်လမ်းမရှိဘူးဆိုတာကို အတပ်သိ ခဲ့ကြပါတယ်။ အဲဒီ အချိန်က လေယာဉ်တွေမရှိသေးပါဘူး။ ထွက်ခွါဖို့သင်္ဘောဆိပ်ကို လိုက်လံပို့ ဆောင်ကြတဲ့ မိဘ၊ ဆွေမျိုး တွေ မျက်ရည်မျက်ခွက်နဲ့ချည်းပါပဲ။ ပြန်လည်ဆုံဆည်းကြပါစို့ဆိုတာ မရှိတော့ပါဘူး။ ဒါကြောင့် Bye, See again, See later, See soon! တို့ဆိုတာ မဆိုကြတော့ပဲ “ A Dieu!” Till we meet again! ဘုရားမှာ ပဲ ပြန် လည် ဆုံကြမယ်လို့သာ လိုက်လံပို့ဆောင်သူတွေက နှုတ်ဆက်ကြတယ်။ လမ်းခရီးမှာ လချီကြာပါတယ်။ သင်္ဘော လမ်း။  ရွက်သင်္ဘော၊ မီးသင်္ဘောတွေနဲ့ပါ။ လမ်းခရီးပင်ပမ်းကြပါတယ်။ လိုရာခရီးဆုံးမရောက်ကြပဲ၊ လမ်းမှာပဲ နာမကျန်းဖြစ်ပြီး ဆုံးပါးသွားကြသူ တွေရှိခဲ့ပါတယ်။ ရောက်လာပြန်တော့လည်း ရေကြမ်းမြေကြမ်းမှာ၊ တောနက် တောင်စွယ်မှာ၊ အသက်အန္တ ရယ် ကြားမှာ၊ သာသနာမျိုးစေ့တွေချပေးခဲ့ကြတယ်။ စွန့်လှူ စွန့်စား ကြ သူတွေပါ။ စွန့်လှူစွန့်စားမှု မရှိ ရင် အနာဂတ်ဆိုတာ မရှိနိုင်ဘူး။
3.    This year Catholic Church in Myanmar celebrates (500) years anniversary of the arrival of Catholic Missionaries in Myanmar. Let us reflect on the lives and the sacrifices made by the old missionaries in the past. They left Europe and they adventured to the Far East. That was the time only way to come, no way to return. Those young men who enlisted to be the missionaries of the Far East knew well that they had only way to come and no way of return. No airplanes! Those who have accompanied them ( parents , relatives, friends), to the jetties, could not stand without tears. Not words of seeing again. No words such as  Bye, See again, See later, See soon! But only word they uttered was “ A Dieu!” Till we meet again in God.! It took months to reach the destination. Road of sailing and very risky and very tiresome. Some have perished on the way without reaching the destinations. Some have arrived. But in the thick forest, hard work and hard lives, dangers to lives, but they have sowed the seeds of Faith on the soils of Myanmar. They all have sacrificed. No sacrifice, no future!
၎။ကမ္ဘာမှာ စွန့်လှူ စွန့်စားသူတွေ မထွက်ပေါ်ခဲ့ဘူးဆိုရင် သစ်လွင်တဲ့ အနာဂတ် ဆိုတာရှိခဲ့မှာမဟုတ်ဘူး။ ခရစ်စတိုဖာ ကိုလန်းဘတ်သာရွက်မလွှင့်ခဲ့ရင်၊ ဗတ်စကို ဒဂါးမားသာရွက်မလွှင့် ခဲ့ရင် ကမ္ဘာ သစ်ဆိုတာ တွေ့ ခဲ့ကြ မှာ မဟုတ်ပါဘူး။ အခုတလော သတင်းမီဒီယာ မှာ ရေပမ်းစားနေတဲ့ နယ်လဆင်မန်ဒဲလား အကြောင်း Facebook တွေမှာ Email တွေမှာ ဖတ်ကြပါတယ်။ အသက် ၉၅ နှစ် သေဆုံးချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးက ဂုဏ်ပြုကြတယ်။ နယ်လဆင်မန်ဒဲလားသာ စွန့်လှူ စွန့်စားမှု မရှိခဲ့ ရင်၊ တောင်အာ ဖရိကရဲ့ လူဖြူ လူမဲ၊ အသား အရောင်ခွဲခြားဆက်ဆံမှု၊ အဆင့်အတန်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ခဲ့မှာ မဟုတ်ဘူး။ အခုဆို လူတန်း တားခွဲခြားဆက်ဆံမှု ပပျောက်ရေး ကြွေးကြော်သံတွေဟာ တောင်အာဖရိက သာမက၊ ကမ္ဘာ တစ်ဝှမ်း လုံးမှာ ပဲ့တင်ထပ်နေပါပြီ။  သူဟာ ထောင်ထဲမှာ ၂၇ နှစ်။ ခက်ခဲ ပါတယ်။ ကြမ်းတမ်း ပါတယ်။ ခံယူချက်တစ်ခု အပေါ် မှာ အဆုံးတိုင်အောင် တိုက်ပွဲ ၀င်သွားတယ်။ အနာဂတ်ကမ္ဘာ ရဲ့ Road Map လမ်းပြမြေပုံ ကို ချပေး ခဲ့သူပါပဲ။ သူ့ကို ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ဂန္ဒ၀င်မြောက်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု လိုက်ကြပါပြီ။ စွန့်လှူ စွန့်စားသူတစ် ဦး ရဲ့ ချန်ထား ခဲ့တဲ့ လက်ရာခြေရာတွေ၊ အမွေအနှစ်တွေပါ။ ဒါတွေ ကြောင့် လည်း ကမ္ဘာ့လူသားတွေ ရဲ့အနာဂတ်ရှင် သန်၊ လန်းဆန်းနိုင်ကြတာပဲဖြစ်ပါတယ်။
4.    If there were no adventures in the world, there would not been discovery of new world. If Christopher Columbas and Vasco de Gamas had not adventured in sailing out, there would not been  discovery of new lands. These days we hear and read in news on the medias ( facebook, email) about Nelson Mandela. He died at the age of 95 and the whole world stand up to salute him. If no sacrifice taken and endured by Nelson Mandela apartheid in South Africa would not have been terminated. Today the slogan of termination of apartheid is heard throughout the world. Imprisoned for 27 years, hard life, no easy days. He withstood with a firm conviction through out his life. He has laid down a road map for the future of the world. Today the whole world honors him as a classical leader of global peace and reconciliation. That is really a legacy left to the world. This is the way that the world can live on a hope for the future.    
၅။ ကရုဏာပုသိမ် ရပ်တည်နိုင်ရေးနဲ့ ရှင်သန်ဖွံ့ဖြိုးနိုင်ရေးမှာ အဖက်ဖက်ကစွန့်လှူ စွန့်စားကြသူတွေ အား လုံးကို ကျေးဇူးတင်တယ်။ တစ်ချို့လည်းရှည်လျားတဲ့နှစ် ကာလတွေနဲ့ ပေးဆက်လာခဲ့ကြတယ်။ တစ်ချို့လည်း သိပ်မကြာသေးတဲ့ အချိန်အတာ တစ်ခု ကစတင်ပေးဆက်လာကြတယ်။ အားလုံးကိုကျေးဇူး တင်တယ်။ အား လုံးကောင်းကြပါတယ်။ တစ်ခုပဲရှိတာက။ ငါတို့ဘယ်လောက်ထပ်ကောင်းချင်သေးသလဲ ဆိုတဲ့ စကားမှာ ငါ တို့အနာဂတ်တည်ပါတယ်။ Important is not how good you are, but HOW GOOD YOU WANT TO BE. အရေးကြီးတာ ငါတို့ဘယ်လောက်ကောင်းခဲ့သလဲ၊ ကောင်းနေသလဲ၊ ဆိုတာထက်၊ ငါတို့ ဘယ်လောက် ထပ်ကောင်းချင်သလဲ ဆိုတာပါပဲ။ လက်ရှိလုပ်ကိုင်နေတဲ့ ကဏ္ဍ ၅ ခု ဖြစ်တဲ့ Livelihoods (အသက်မွေး ၀မ်းကြောင်း)၊ Education (ပညာရေး)၊ Health (ကျန်းမာရေး)၊ Social Protection (လူမှုကာ ကွယ်စောင့် ရှောက်ရေး)၊ DRR (သဘာဝဘေးအန္တရယ်ကြိုတင်ကာ ကွယ်လျော့ချ ရေး)၊ တွေဟာ သူနည်း သူ့ဟန်လေးနဲ့ ရပ်တည်လာနိုင်တဲ့ လက္ခဏာလေးတွေကို တွေ့မြင်နေရပါတယ်။ ၂၀၀၈ နာဂစ်ကာလပြီး ချိန်ကစပြီး လေ့လာ သင်ယူ၊ လေ့ကျင့် ဆောင်ရွက်လာခဲ့တဲ့ အတွေ့အကြုံပေါ်မှာ good practices လို့ခေါ်တဲ့ ကောင်းတဲ့ အတွေ့ အကြုံ၊ အလေ့အကျင့်တွေ အများကြီးထွက်ပေါ်လာပါပြီ။ ဒီလိုရပ်တည်လာနိုင်အောင် technically  နည်း ပညာအရ ရော၊ financially ရံပုံငွေအရရော ကူညီ ပံ့ပိုး ပေးကြသူ partners မိတ်ဖက် အဖွဲ့အစည်း တွေ အားလုံးကိုကျေးဇူးတင်တယ်။ မိမိ တို့ရဲ့ တည်ရှိနေတဲ့ ကိုယ်ပိုင် အရင်းအမြစ် ဖြစ်တဲ့ လူ့အရင်းအမြစ် ( human resource) နဲ့ ပစ္စည်းအရင်းအမြစ် (material resource)တွေ အပေါ်အခြေပြု ဆောင်ရွက်ချိန်မှာ မိတ်ဖက် အဖွဲ့အစည်းများနဲ့ကွန်ယက်ဆက်သွယ်မှု ကိုလည်း အင်အားဖြည့်တင်းဆောင်ရွက်သွား ကြရ မှာဖြစ် ပါတယ်။ အခုခေတ်က တစ်ဦးတည် သူရဲ ကောင်း Rambo လုပ်လို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး။ our partnership is our strength, our networking is our strength ဆိုတဲ့ ခေတ်ဖြစ်နေပါပြီ။ မိမိတစ်ဦးတည်း မပြည့်စုံနိုင်ပါဘူး။ လေ့လာသင် ယူစရာတွေ အများကြီးရှိနေပါသေးတယ်။ စဉ်ဆက်မပြတ်လေ့ လာ သင်ယူချင် စိတ် spirit of continuous learning ဖြစ်ဖို့ပဲလိုအပ်ပါတယ်။ တကယ်တော့ ငါတို့ရဲ့ ကရုဏာပုသိမ် အဖွဲ့အစည်း ဟာ Continuous Learning Center ( CLC) စဉ်ဆက်မပြတ်လေ့လာသင်ယူရာဌာန တစ်ခုပါပဲ။ စွန့်လှူ စွန့်စားချင်လို့ ဒီအဖွဲ့ အစည်းထဲ ၀င်လာကြတဲ့ ၀န်ထမ်းတိုင်းဟာ လေ့လာသင်ယူချင်စိတ်ကို အခြေခံမ ထား နိုင်လို့တော့ ရေရှည်ဆက်ကပ်နိုင်မှာ မဟုတ်ဘူး။ အဖွဲအစည်းထဲမှာ နေထိုင်ရင်း ဆည်းပူးရရှိလာတဲ့ အတတ် ပညာ၊ အသိပညာတွေဟာ လက်ရှိလုပ်နေတဲ့ အဖွဲ့အစည်း အတွက်သာမက အနာဂတ်မှာ ကူး ပြောင်း လုပ်ဆောင် ချင်တဲ့ အဖွဲ့အစည်း ရဲ့အလုပ်ဖြစ်စေ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ အများကြီး အထောက်အကူ ဖြစ်နေကြတယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။  
5.    Thanks to all who have given much sacrifices for the sustainability of the organization. Some have engaged in this organization almost since its foundation and some have engaged in recent years. Thanks to all. All have been good. But only thing is needed. Important is not how good you are, but how good you want to be. Observing the presence of 5 sectors; livelihoods, education, health, social protection and DRR/emergency, I can see now the signs of their formulation. These 5 sectors have been formed since our response to Nargis in 2008 and we have learned much of good practices. Many thanks to all our partners who have supported and accompanied us technically and financially until this moment.  
၆။ နိဂုံးချုပ်အနေနဲ့ ပြောရရင်၊ ကရုဏာပုသိမ် အဖွဲအစည်းဟာ Catholic Social Teaching (CST) ကက်သလစ်အ သင်းတော်ရဲ့ လူမှုရေးဆိုင်ရာ သွန်သင်ချက်ကို အခြေခံ တန်ဖိုး (Value) အဖြစ်ထား တာကြောင့် သာမန်ရိုးရိုး လူမှုရေးအဖွဲ့အစည်း၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ မတူတာတွေ ရှိကြပါတယ်။ နှလုံးရည် ( quality of heart) ကို အခြေပြုပြီး လက်ရုံးရည် ( professionalism) နဲ့ လုပ်ဆောင် ဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ Mother Teresa က တော့ ကက်သလစ်လူမှုရေးလုပ်ငန်းရဲ့ စံနမူနာပါပဲ။ သူမဟာ အခုအခါမှာ ကက်လသစ် လူမှုရေး လုပ်ငန်းရဲ့စံပြ သာမကပဲ ကမ္ဘာ့ လူမှုရေးလုပ်ငန်းရဲ့စံပြ အဖြစ်သတ်မှတ်လိုက်ကြပါပြီ။ International Charity Day ကို နှစ် စဉ် စက်တင်ဘာ ၅၊ ရက်နေ့ကျင်းပဖို့ UN ဒီနှစ်ထဲမှာပဲသတ်မှတ်လိုက်ပါပြီ။ မါသာရ်ထရေဇားဟာ လူမှုရေး လုပ်ငန်းမှာ စွန့်လှူ စွန်းစား ခဲ့သူတစ်ဦးပါ။ သူမပြောခဲ့ပါတယ် “ ဘ၀ကြီးမားတဲ့ စီမံကိန်းတွေ လုပ်နိုင် ချင်မှ လုပ်နိုင်ကြမယ်။ ဒါပေမယ့် သေးငယ်တဲ့အလုပ်ကို ကြီးမားတဲ့မေတ္တာနဲ့လုပ်နိုင်ပါတယ်“ 

Small things with Great Love!

Sincerely, 
Eikhlein Henry.fr
December 16, 2013

No comments:

Post a Comment