Monday, December 9, 2013

သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းရန်သင်တန်း (14-17.10.2013)

သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ၁၄.၁၀.၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် စတင်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် နန့်ရှာဖေါင်မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အဖွင့်ဆုတောင်းကို နော်အက်စတာမှ ဦးဆောင်၍ ဆုတောင်းခဲ့ပါသည်။ အဖွင့်အမှာစကားကို ကိုဟန်စိုးမှ ပြောကြားခဲ့ပါသည်။ Caritas Thailand မှ ဦးမြသွင်မှ သက်ကြီးရွယ်အိုချင်း ကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းခြင်းသင်တန်းပေးရန် (OPSHG)၊ သက်ကြီးသူချင်း ရလာသည့် အကျိုးစီးပွားကို ဝေမျှပြီး အလုပ်လုပ်ဆောင်ကြရန်၊ သက်ကြီးရွယ်အိုအချင်းချင်းကူညီစောင့်ရှောက်နိုင်စေရန်၊ သက်ကြီးရွယ်အိုများသည် မိမိကိုယ်ကို ယုံကြည်မှုအပြည့်အ၀ရှိပြီး မိမိကိုယ်ကို ကြည့်ရှုစောင့်ရှောက်နိုင်ရန်နှင့် သက်ကြီး ရွယ်အိုများသည် မိမိတစ်နိုင်တစ်ပိုင်ဝင်ငွေ ဖြင့် ရှင်သန်နေထိုင်နိုင်ရန် စသည်တို့ကိုပြောကြားခဲ့ပါသည်။ အပိတ်ဆုတောင်းကို နော်အက်စတာမှ ဦးဆောင်၍ ဆုတောင်းခဲ့ပါသည်။ သင်တန်းကာလမှာ ၁၄.၁၀.၂၀၁၃ မှ ၁၇.၁၀.၂၀၁၃ ရက်နေ့အထိ (၄)ရက်တာသင်တန်းဖြစ်ပြီး စီမံကိန်း ကျေးရွာ(၉)ရွာမှ ကိုယ်စားလှယ်များအနေနှင့် သင်တန်းသားစုစုပေါင်း (၃၃)ဦး တက်ရောက်ခဲ့ပါသည်။ သင်တန်းမှူးများမှာ Caritas Thailand မှ ဦးမြသွင်နှင့် ဒေါ်ယဉ်မင်းသူတို့ ဖြစ်ကြပါသည်။ ဤသင်တန်းတွင် မြန်မာနိုင်ငံရှိသက်ကြီးရွယ်အိုများအခြေအနေ၊ သက်ကြီးသူချင်း ကူညီစောင့်ရှောက်ရခြင်း အကြောင်းအရင်း၊ သက်ကြီးသူချင်းကူညီစောင့်ရှောက်ရေးအဖွဲ့ ဖွဲ့ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့်အရာများ နှင့် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ခြင်း နည်းလမ်းများ စသည်တို့ကို သင်ကြားပေးခဲ့သည်။




No comments:

Post a Comment